Pages

Thursday, June 10, 2010

ဓမ္မောသဓဆေး

ရောဂါနှစ်သင်း ပျောက်ကင်းလိုလျှင်
ရှင်တော်ဖော်ပေး တရားဆေးကိုပင်
ရှုမှတ်ပွားများ သောက်ငြားတွင်တွင်
အမှန်မလွဲ ပျောက်မြဲရောဂါစင်
ဘေးဘယ အေးမြစိတ်ကြည်လင်။
*ရုပ်ကိုသာပြင် နာမ်မပြင်၊ ရုပ်သွင်မလှ နာမ်မလှ။
နာမ်ကိုသာပြင် ရုပ်မပြင်၊ နာမ်စဉ်လည်းလှ ရုပ်လည်းလှ။
နာမ်ဓာတ်ပေါ်တွင် ဉာဏ်ဓာတ်ယှဉ်၊ လိုလျှင်ခဏ နိဗ္ဗာန်ရ။
*ရုပ်လှ စိတ်လှ အလှနှစ်သွယ်၊ ဘယ်အလှကိုပြင်ကြမယ်။
ရုပ်အလှပြင်က အပါယ်ကျ၊ စိတ်အလှပြင်က နိဗ္ဗန်ရ။
မမှားရအောင် သတိဆောင်၊ ယောဂီမောင်မယ် ပြင်ကြစိတ်ကိုကွယ်။

No comments:

Post a Comment

တစ်ခုခုတော့ရေးထားပေးအုံးနော်
ကျေးဇူးတင်ပါတယ်