- အစာကြေလွယ်သည်။
- အဆစ်အမြစ် ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေသည်။
- သွေးလည်ပတ်နှုန်းကို ကောင်းစေသည်။
- ရင်မပူအောင် ကာကွယ်သည်။
ရုံးပတီသီး (Okra)
- အရိုးကို သန်မာစေသည်။
- နှလုံးကို ကာကွယ်သည်။
- အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါးစေသည်။
- သွေးပေါင်ချိန်ကို ထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။
သံလွင်ဆီ (Olive Oil)
- နှလုံးကို စောင့်ရှောက်ပေးသည်။
- ကိုယ်အလေးချိန် ကျစေသည်။
- အဆစ်အမြစ် ကိုက်ခဲကို သက်သာစေသည်။
- ကင်ဆာကို တိုက်ဖျက်သည်။
- ဆီးချို သွေးချိုကို တိုက်ထုတ်သည်။
- အသားအရေကို ချောမွေ့ စေသည်။
ဂျုံကြမ်း (Oats)
- ကိုလက်စထရော ကျစေသည်။
- ကင်ဆာကို တိုက်ထုတ်သည်။
- ဆီးချို သွေးချို ကျစေသည်။
- ၀မ်းမှန်စေသည်။
- အသားအရေကို လှပစေသည်။
- လေဖြတ်နိုင်သည့် အန္တာရယ်မှ လျှော့ချပေးသည်။
မှိုများ (mushroom)
- ကိုလက်စထရောကို ကျစေသည်။
- ဗက်တီးရီးယားများကို သေစေသည်။
- ကင်ဆာကို တိုက်ထုတ်သည်။
- အရိုးကို သန်မာ ကြံ့ခိုင်စေသည်။
ဂရိတ်ဖရုသီး (Grape Fruit)
- နှလုံး တိုက်ခိုက် မခံရအောင် ကာကွယ်ပေးသည်။
- ကိုယ်အလေးချိန်ကို ကျစေသည်။
- လေဖြတ်ခြင်းကို ကာကွယ်သည်။
- အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ ကို ကာကွယ်သည်။
- ကိုလက်စထရော ကျစေသည်။
ရှောက်နှင့် သံပုရာ မျိုးနွယ်ဝင်များ
- ကင်ဆာကို တိုက်ဖျက်သည်။
- နှလုံးနှင့် သွေးကြော ရောဂါများကို ကာကွယ်သည်။
- သွေးဖိအားကို ထိန်းထားသည်။- အသားအရေ ချောမွတ် လှပစေသည်။
- သွားဖုံးသွေးယိုခြင်း မဖြစ်စေပါ။
သရက်သီး (mangoe)
- ကင်ဆာကို တိုက်ထုတ်သည်။
- မှတ်ဥာဏ် ကောင်းသည်။
- သွိုင်းရွက်ကို မှန်ကန်စေသည်။
- အယ်ဇိုင်းမားရောဂါကို ဒိုင်းသဖွယ် ကာကွယ်သည်။
- အစာ ကြေညက်စေသည်။
ရေသဖန်းသီး(ficus flomerata)
- ကိုလက်စထရော ကျစေသည်။
- လေဖြတ်ခြင်းမှ ကာကွယ်သည်။
- သွေးမတိုးအောင် ထိန်းထားနိုင်သည်။
- ကိုယ်အလေးချိန် ကျစေသည်။
- ကင်ဆာကို တိုက်ထုတ်နိုင်သည်။
- ၀မ်းမချုပ်စေပါ။
- ကျောက်ကပ်တွင် ကျောက်မတည်အောင် တားဆီးပေးသည်။
- သွေးချို ဆီးချို ရောဂါ ရှိလျှင် သဖန်းသီးစားပါ။
ထောပတ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး
ထောပတ်သီးဟာ အားဖြစ်စေရုံသာမက နှလုံးကို အားကောင်းစေပြီး ကင်ဆာကို တိုက် ထုတ်ချေမှုန်းတဲ့ အသီးတစ်မျိုး ဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့  ဖိုင်ဘာမျှင် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီိတာမင် အီးနဲ့  မိုနို ပြည့်ဝ အဆီ ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ မိုနို ပြည့်ဝ အဆီ (Mono saturated fat) ဆိုတာ အဆီကောင်း တစ်မျိုးဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
အမျိုးသမီးများအပေါ် ပြုလုပ်ထားတဲ့ လေ့လာချက်များက ဗီတာမင်အီးက ကိုလက်စထရော ‘ဆိုး’ (သို့ ) LDL (low density lipoprotein) အား ဖရီးရယ်ဒီကယ် များ၏ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကြောင်း ပြသထားချက်ရှိတယ်။ ဓာတ်တိုးခံရတဲ့ LDL များက သွေးလွှတ်ကြော နံရံများမှာ ချေးချိုး (plaque) ဖြစ်ပေါ်စေရာမှာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။
ထောပတ်သီး စားသုံးမှုကြောင့် ဆီးချို ဝေဒနာရှင်များ {အထူးသဖြင့် ဆီးချို အမျိုးအစား (၂)} မှာ နှလုံးရောဂါ ကျရောက်မှု အန္တရာယ်ကို လျော့ပါးစေပါတယ်။ ကင်ဆာတိုက်ဖျက်ရေး သုတေသနအရ ထောပတ်သီးနှင့် သံလွင်သီးလို ကောင်းတဲ့ အဆီ မြင့်မားစွာ ပါဝင်တဲ့ အစားအစာက ကင်ဆာ အဖုအကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။ ထောပတ်သီးက ရိုးဆက် ယိုယွင်း ရောင်ရမ်းနာ (osteoarthritis) ရဲ့ ဆိုးရွားမှုကို သက်သာစေကြောင်း နောက်ထပ် လေ့လာမှု တစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ထောပတ်သီး (သို့ ) ထောပတ်သီး အဆီ ပါတဲ့ ဆေးတောင့်ပျော့ကို ပဲပိစပ်ဆီနဲ့ ရောပြီး နေ့ စဉ် စားသုံးခြင်းအားဖြင့် ရိုးဆက် ရောင်ရမ်းနာ ဖြစ်နေတဲ့ ဒူးများနဲ့  တင်ပါးဆုံများကို ပိုမို ချောမွတ်စေပါတယ်။ ဒါကြောင့် ဝေဒနာရှင်များက အရိုးအဆက် လှုပ်ရှားမှု ပိုလုပ်နိုင်ပြီး နာကျင် ခံစားရမှု ပိုနည်းစေ ပါတယ်။
No comments:
Post a Comment
တစ်ခုခုတော့ရေးထားပေးအုံးနော်
ကျေးဇူးတင်ပါတယ်