မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း install ပြီးခဲ့ပြီဆိုရင် blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 4) Choose your template
Step 5) Publish your first pest
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။
(Step1) Sign to Blogger
မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။ Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- youmademelove@gmail.com ) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။
Step 2) Display Name (0r) Auth0r Name
မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
(Step3) Name your Blog
ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။
URL (or) Blog Address
Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။
မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Blog လိပ်စာအပြည့်အစုံ http://www.lovefullmoonlove.blogspot .com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။
လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။
မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။
(Step 4) Choose your Template
Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။
Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။
အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။
မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။
(Step 5) Publish Your First Post
Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင် Click တစ်ချက်နှိပ်ပါ။
ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။
ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။ စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။
(Post Title)
ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။
Text Area
ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။
ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။
မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။
Sign Out
Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။
(Blogger Interface အားလေ့လာခြင်း)
Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။
Posting Tab
Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။
Setting Tab
Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။
Layout Tab
Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။
(The Dashboard)
မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။
Sign in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။
မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။
(Post အသစ်များထပ်တင်ခြင်း)
ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။
Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။
ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။
တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း
မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။
ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) PagePost သို့ရောက်သွားပြီး တွင်ပါ စာသားများကို မြင်ကြရပါမယ်။
၎င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။
ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင် Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။ Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။
(Add formatting)
Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။
(စာလုံးပုံစံ Font ပြောင်းခြင်း)
ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။
(စာလုံးအရွယ်အစားပြောင်းခြင်း)
Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစားတခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။
(Bold, Italic, Text color)
အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။
Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။
Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။
Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။
Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)
တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။
(Add to Picture)
ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။
Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုဖော်ပြခဲ့တဲ့ပုံ (Picture) များထည့်သလိုပင် (Text) များ (Lables)များကိုလည်း မိမိတို့ စိတ်ကူးရှိသလို Page Elements တွေအဖြစ် ပေါင်းစပ်ထည့်သွင်း ထားနိုင်ကြပါတယ်။


