အခွင့်ကောင်း အခါကောင်း လေးမျိုးရှိပါသည်။ထိုအခွင့်ကောင်း အခါကောင်း လေးမျိုး တို့သည်
တရားကျင့်လျှင် တရားရနိုင်သော အခွင့်ကောင်း အခါကောင်း ဖြစ်သည်။
၎င်း အခါကောင်း လေးမျိုး တို့မှာ
၁. ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူသည့် ဘုရားသာသနာတော်ကြီးရှိနေသည့် ခဏ လူဖြစ်ရခြင်း
ဟူသော အခွင့်ကောင်း အခါကောင်း၊
၂. ဗုဒ္ဓမြတ်စွာဘုရားမရှိတော့သည့်နောက်ပိုင်း ဘုရားသာသနာတော်ကြီး ရှိနေသည့်
ခဏ လူဖြစ်ရခြင်း ဟူသော အခွင့်ကောင်း အခါကောင်း၊
၃. အယူအဆကောင်း၊အယူအဆမှန် ၇ှိနေသည့် ခဏ လူဖြစ်ရခြင်း ဟူသော
အခွင့်ကောင်း အခါကောင်း၊
၎. အကြည်ဓါတ်ခြောက်ပါး(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်ခန္ဓာ၊စိတ်) မချို့တဲ့သည့် ခဏ
လူဖြစ်ရခြင်း ဟူသော အခွင့်ကောင်း အခါကောင်း တို့ဖြစ်ကြပါသည်။
ယခုကဲ့သို့ တရားရနိုင်သည့် အခွင့်ကောင်း အခါကောင်း ရှိသကဲ့သို့ တရားမရနိုင်သည့်
အခါဆိုး ရှစ်မျိုး လည်းရှိသည်။၎င်းတို့မှာ . . .
၁. ငရဲကျနေသည့်အခါ၊
၂. တိရစ္ဆာန်ဘဝဖြစ်နေသောအခါ၊
၃. ပြိတ္တာာ ဘဝဖြစ်နေသောအခါ၊
၎.ရုပ်သာရှိ နာမ်(စိတ်)မရှိသည့် အသညသတ်ဘုံ(ဗြဟာဘုံ)တွင် ဖြစ်နေသောအခါ၊
၅. ဘုရား။တရား၊သံဃာ မရှိသောအရပ်တွင် လူဖြစ်ရသည့်အခါ၊
၆. မိစ္ဆာဒိဌိ ဟူသော အယူအဆမှားကို ယုံကြည်နေသူဖြစ်နေသောအခါ၊
ရ. အကြည်ဓါတ်ခြောက်ပါး(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်ခန္ဓာ၊စိတ်) ချို့ယွင်းသူ ဖြစ်နေသောအခါ၊
၈. ဗုဒ္ဓသာသနာ မရှိသောအချိန်တွင်လူ ဖြစ်နေသောအခါ စသည်တို့ဖြစ်ပါသည်။
ယခု ဗုဒ္ဓဘာသာဝင်များသည် အခွင့်ကောင်း အခါကောင်း လေးမျိုးနှင့်ကြုံတွေ့နေရ
ပြီး အခါဆိုးရှစ်ခုနှင့် ကင်းလွတ်နေပါသည်။
ယနေ့လူတို့၏သက်တမ်းသည် ၇၅ နှစ်လောက်သာရှိနေသည်။၇၅ နှစ်ဆိုပေမဲ့ သက်တမ်းပြည့်
နေရသည့်သူ တော်တော်ရှားသည်။ပျမ်းမျှ ၇၀-၆၀ လောက်သာနေကြရပါသည်။ယခု အသက် ၁၀၀-
၉၀-၈၀ နေရသည့်သူ မရှိသလောက်ရှားနေသည်။၎င်း နေရသည့် အသက် ၇၀-၆၀ မှ ဘာမှမသိသေး
သည့် အရွယ်နှတ်လိုက်လျှင် ၃၀-၄၀ နှစ်လောက်သာ အထက်ကရေးခဲသည့် အခွင့်ကောင်း အခါကောင်း
များနှင့်ကြုံတွေ့ရသည်။
ထို့ကြောင့် အခွင့်ကောင်း အခါကောင်းများနှင့်ကြုံတွေ့နေရသည့် အချိန်တွင် တရားထူးတရားးမြတ်
ရအောင် အထူးကြိုးစား အားခဲပြီး တရားအားထုတ်ကြပါလို့ ကျနော် မှတိုက်တွန်း နိုးဆော်
လိုက်ပါတယ်ခင်ဗျား . . .။
No comments:
Post a Comment
တစ်ခုခုတော့ရေးထားပေးအုံးနော်
ကျေးဇူးတင်ပါတယ်