သကြားနှင်. သကြားပါဝင်သော အစားအသောက်အားလုံးကို လုံးဝရှောင်ရမည်၊သကြား၊ ၈လူးကို.စ်၊ကြံသကာ ၊ထန်းလျက်၊ယိုအမျိုးမျိုး ၊ချိုချဉ်၊ ချောက်လက်၊ အိုက်စ်ကရင်၊ လမုန်.၊ထိုးမုန်.၊ မလိုင်မုန်.၊ ကိတ်မုန်. ၊အဖျော်ယမကာ အမျိုးမျိုး ၊စည်သွပ်သီး အမျိုးမျိုး ၊အချိုလွန်သော ဘီစကစ်၊ ပေါင်မုန်.၊ကိတ်မုန်.၊ ချိုသောအသီးအနှံများ၊ ဥပမာ - ဖရဲသီး ၊နာနတ်သီး၊ သရက်သီး၊ သကြား၊နို.ဆီ၊ နို.မှုန်.၊ကော်ဖီမစ် တို.နှင်. ဖျော်သော ကော်ဖီ၊လက်ဖက်ရည်။
ကန်.သတ်ရန်မလိုသော အစားအစာများ (ကြိုက်သလောက်စား)
(က) စိမ်းစိုသော ဟင်းရွက်အမျိုးမျိုး
ဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ဆူးပုပ်ရွက်၊ မြင်းခွာရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင်.၊ ပန်းမုန်လာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။
(ခ) မချိုသော အသီးအမြစ်များ
ခရမ်းချဉ်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ခ၀ဲသီး၊ ရုံးပတီသီး ၊ ဂွေးချိုသီး၊ သလဲသီး။
(ဂ) သားငါးများ
ကြက်၊ဘဲ၊ ဆိတ်၊ အမဲ ၊၀က်၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။
(ဃ) ကော်ဖီ ၊လက်ဖက်ရည်
နွားနို.အစစ်နှင့် ဖျော်ပြီး ဆက်ကရင်နှင့် အချိုတုများနှင်.ဖျော်သော ကော်ဖီ၊ လက်ဖက်ရည် တို.ကို သောက်သုံးနိုင်ပါသည်။ သကြား၊ နို.ဆီ ၊ နို.မှုန်. လုံးဝ(လုံးဝ)မသုံးရ။
အုပ်စု(၃) သင်.တင်.သော အတိုင်းအတာအထိသာ စားသင်.သော အစားအစာများ (လျော.စား)
အုပ်စု (၃) အစားအသောက်များသည် ကစီဓတ် (ခေါ်) ကာဘို ဟိုက်ဒြိတ် ဓတ် အများဆုံးပါရှိသည်။ မိမိနှင်. သင်.တင်သော တစ်နေ.အတွက် ကစီဓာတ် ယူနစ်ပမာဏ ကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်။
(က) ဆန်နှင့် ပြုလုပ်သောအစားအစာများ
ထမင်း၊ ဆန်ပြုတ် ၊ မုန်.တီ ၊ မုန်.ဟင်းခါး၊ ဆန်ခေါက်ဆွဲ ၊ကောက်ညှင်း။
(ခ) ဂျုံနှင့် ပြုလုပ်သော အစားအစာများ
မချိုသောပေါင်မုန်. နှင်. ဘီစကစ်၊ ခေါက်ဆွဲ ၊နံပြား၊ဂျပါတီ၊ ပူရီ ။အီကြာကွေး၊ ထပ်တရာ၊ ပလာတာ။
(ဂ) ကစီဓာတ်များသော အသီးနှင်.ဥများ
အာလူး၊ ရွှေဖရုံ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမော်သီး၊ ငှက်ပျောသီး၊ မလကာသီး၊ စိမ်းစားဥ ။
No comments:
Post a Comment
တစ်ခုခုတော့ရေးထားပေးအုံးနော်
ကျေးဇူးတင်ပါတယ်